ပင်မစာမျက်နှာထိ ကျော်မည်
ပြီးဆုံးရန် လိုအပ်ချက်များ

သင်တန်းသားမှတ်စု-၅
မျိုးဆက်ပွားသားဆက်ခြားကျန်းမာရေး ဆိုသည်မှာ


အားလုံး

(

မေးခွန်း:

(၃) လခံ သားဆက်ခြားထိုးဆေးကို မည်သည့်အချိန်တွင် ထိုးသင့်သနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 11:01 AM)
အဖြေ/ဖြေပါ:

ရာသီသွေးစပေါ်သည့်ရက်မှ (၅) ရက်အတွင်း ဆေးထိုးနိုင်ပါသည်။ ရာသီပေါ်ပြီး (၅) ရက်ကျော်မှ ဆေးထိုးမိပါက ထိုးပြီး (၇) ရက် အတွင်း လိင်ဆက်ဆံမှုကို ရှောင်ပါ (သို့မဟုတ်) ကွန်ဒုံးသုံးပါ။ ကလေးမီးဖွားပြီးသူများ မွေးဖွားပြီး (၄၅) ရက်တွင် ဆေးထိုးနိုင်ပါသည်။ ရာသီသွေးပြန်ပေါ်သည့် အချိန်ကို စောင့်ရန်မလိုပါ။
ပထမဆေးတစ်လုံးထိုးပြီး (၁၂) ပတ် အကြာတွင် နောက်တစ်လုံး ထပ်ထိုးပါ။ ဆေးထိုးနောက်ကျလျှင် (၂) ပတ်ထက်မကျော်ပါက ဆက်ထိုးပါ။ (၂) ပတ်ထက်ကျော်လျှင် ကွန်ဒုံးသုံးပါ။ ဆေးကိုလည်း ဆက်၍ထိုးပါ။

ထည့်သွင်းမှု လင့်ခ်: (၃) လခံ သားဆက်ခြားထိုးဆေးကို မည်သည့်အချိန်တွင် ထိုးသင့်သနည်း။

က

မေးခွန်း:

ကွန်ဒုံးသုံးခြင်းအားဖြင့် ကိုယ်ဝန်မရအောင် တားဆီးနိုင်သည့်အပြင် မည်သည့်ကောင်းကျိုး ရရှိနိုင်ပါသနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 11:02 AM)
အဖြေ/ဖြေပါ:

ကွန်ဒုံးသုံးခြင်းအားဖြင့် ကိုယ်ဝန်မရအောင် တားဆီးနိုင်သည့်အပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါသည်။

ထည့်သွင်းမှု လင့်ခ်: ကွန်ဒုံးသုံးခြင်းအားဖြင့် ကိုယ်ဝန်မရအောင် တားဆီးနိုင်သည့်အပြင် မည်သည့်ကောင်းကျိုး ရရှိနိုင်ပါသနည်း။

မေးခွန်း:

နေ့စဉ်သောက် သန္ဓေတားဆေးသောက်ရန် မသင့်တော်သူများမှာ အဘယ်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 11:00 AM)
အဖြေ/ဖြေပါ:

o    ရင်သားအဖုအကျိတ်ရှိသူများ
o    ကလေး (၆‌‌) လအောက် နို့တိုက်မိခင်များ
o    မိန်းမကိုယ်မှ အကြောင်းမသိဘဲ သွေးဆင်းနေသူများ
o    နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါရှိသူများ
o    လေဖြတ်ဖူးသူများ
o    ရင်သားကင်ဆာရောဂါဖြစ်ဖူးသူများ
o    အသည်းရောင်အသားဝါ‌ရောဂါရှိသူများ

ထည့်သွင်းမှု လင့်ခ်: နေ့စဉ်သောက် သန္ဓေတားဆေးသောက်ရန် မသင့်တော်သူများမှာ အဘယ်နည်း။

မေးခွန်း:

နေ့စဉ်သောက် သားဆက်ခြားစားဆေးအား ပုံမှန်သောက်ရန် မေ့ပါက မည်သို့ဆောင်ရွက်ရမည်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 11:00 AM)
အဖြေ/ဖြေပါ:

•    အောက်ဆုံးအတန်းမှ သောက်ရန်မေ့ပါက မေ့သွားသောဆေးလုံးများကို လွှင့်ပစ်ပြီး ဆေးကဒ်အသစ်မှဆေးလုံးများကို အစဉ်အတိုင်း ဆက်သောက်သွားပါ။
•    ဆေးကတ်၏ တတိယအတန်းမှ သောက်ရန်မေ့ခဲ့လျှင် သတိရရချင်း တစ်လုံးသောက်ပြီး ယင်းတတိယအတန်းထဲမှ ကျန်ဆေးများကို အစဉ်အတိုင်းကုန်အောင် ဆက်သောက်ပါ။
သို့သော် နောက်ဆုံးတန်းတစ်တန်းကို မသောက်တော့ဘဲ (၇) ရက်အတွင်းလိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးစွဲပါ။
•    ဆေးတစ်လုံး မသောက်မိပါက သတိရရချင်း တစ်လုံးသောက်ပြီး ပုံမှန်သောက်နေကျ အချိန်တွင်လည်း တစ်လုံးသောက်ပါ။
•    နှစ်ရက်၊ သုံးရက်ခန့်မေ့ပြီး မသောက်မိပါက ဆေးကတ်၏အပေါ်ဆုံးနှစ်တန်းမှဖြစ်လျှင် သတိရရချင်း တစ်လုံးသောက်ပြီး ကျန်ဆေးများကို အစဉ်အတိုင်း ဆက်သောက်ပါ။ (၇) ရက်အတွင်းလိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးစွဲပါ။

ထည့်သွင်းမှု လင့်ခ်: နေ့စဉ်သောက် သားဆက်ခြားစားဆေးအား ပုံမှန်သောက်ရန် မေ့ပါက မည်သို့ဆောင်ရွက်ရမည်နည်း။

မေးခွန်း:

နေ့စဉ်သောက် သားဆက်ခြားစားဆေးအား မည်သို့ သောက်သုံးရမည်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 11:00 AM)
အဖြေ/ဖြေပါ:

•    ရာသီသွေးစပေါ်သည့်ရက်မှ (၅) ရက်အတွင်း စပြီးသောက်ပါ။
•     ရာသီသွေးပေါ်ပြီး (၅) ရက်ကျော်မှ စပြီးသောက်မိလျှင် (၇) ရက်အတွင်း လိင်ဆက်ဆံမှုကို ရှောင်ပါ (သို့မဟုတ်) ကွန်ဒုံးသုံးပါ။
•    မြှားအတိုင်း ဆေးတစ်လုံးစီကို နေ့စဉ်မှန်မှန် ညအိပ်ရာ၀င် သောက်ပါ။
•    အစာနှင့်တွဲသောက်ပါ။
•    ဆေးကတ်ရှိဆေးအားလုံးကုန်ပါကဆေးကတ်အသစ်မှဆေးကိုနောက်တစ်နေ့မှာ ဆက်သောက်ပါ။

ထည့်သွင်းမှု လင့်ခ်: နေ့စဉ်သောက် သားဆက်ခြားစားဆေးအား မည်သို့ သောက်သုံးရမည်နည်း။

မေးခွန်း:

မည်သူတို့သည် လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းသုံးရန် သင့်တော်သနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 11:02 AM)
အဖြေ/ဖြေပါ:

•    နှစ်ရှည်သားဆက်ခြားလိုသူများ
•    မိသားစုပြည့်စုံသော်လည်း သားကြောမဖြတ်လိုသူများ
•    နောင်တွင် ကလေးထပ်မံယူရန် အစီအစဉ်ရှိသူများ

ထည့်သွင်းမှု လင့်ခ်: မည်သူတို့သည် လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းသုံးရန် သင့်တော်သနည်း။

မေးခွန်း:

မိသားစုစီမံကိန်းဆိုသည်မှာ အဘယ်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:59 AM)
အဖြေ/ဖြေပါ:

မိသားစုစီမံကိန်းအား ဘဝစီမံကိန်းဟုလည်း‌ ခေါ်ဆိုနိုင်ပါသည်။ စုံတွဲတစ်တွဲသည် လိုချင်သည့်အချိန်တွင် လိုချင်သည့်ကလေးအရေအတွက် ယူရန် ကြိုတင်စီမံခြင်းကို မိသားစု စီမံကိန်းဟုခေါ်ပါသည်။

ထည့်သွင်းမှု လင့်ခ်: မိသားစုစီမံကိန်းဆိုသည်မှာ အဘယ်နည်း။

မေးခွန်း:

ရေတို နှင့် ရေရှည် သားဆက်ခြားခြင်းနည်းလမ်းဆိုသည်မှာ အဘယ်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:59 AM)
အဖြေ/ဖြေပါ:

သားဆက်ခြားခြင်းနည်းလမ်းနှစ်မျိုးရှိပါသည် ။ရေတို နှင့် ရေရှည်ဟူ၍ ရှိပါသည်။
ရေတိုမှာ
၁။သားဆက်ခြားစားဆေးကဒ်
၂။သုံးလခံထိုးဆေး
၃။အရေးပေါ်သန္ဓေတားဆေးကဒ်
၄။ကွန်ဒုံး
ရေရှည်မှာ
၅။လက်မောင်းအရေပြားအောက်ထည့် သန္ဓေတားဆေး
၆။သားအိမ်ထဲထည့် သန္ဓေတားဆေး
၇။အမျိုးသမီးသားကြောဖြတ်ခြင်းနှင့် အမျိုးသားသားကြောဖြတ်ခြင်းတို့ ဖြစ်ပါသည်။

ထည့်သွင်းမှု လင့်ခ်: ရေတို နှင့် ရေရှည် သားဆက်ခြားခြင်းနည်းလမ်းဆိုသည်မှာ အဘယ်နည်း။

မေးခွန်း:

လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်း မည်မျှကြာကြာ ကိုယ်၀န်မရအောင် တားဆီးပေးပါသနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 11:01 AM)
အဖြေ/ဖြေပါ:

အမျိုးသမီး၏ လက်မောင်းအရေပြား အောက်သို့ ထည့်သွင်းရသော ခေတ်မီသားဆက်ခြားပစ္စည်း ဖြစ်ပါသည်။ ပစ္စည်းအမျိုးအစားအလိုက် (၃) နှစ်မှ (၅) နှစ်အထိ ကိုယ်၀န်မရအောင် တားပေးပါသည်။ လက်မောင်းအရေပြားအောက်မှ ပြန်ထုတ်လိုက်သည်နှင့် မကြာခင် ကိုယ်၀န်ပြန်ရစေနိုင်ပါသည်။

ထည့်သွင်းမှု လင့်ခ်: လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်း မည်မျှကြာကြာ ကိုယ်၀န်မရအောင် တားဆီးပေးပါသနည်း။

မေးခွန်း:

အရေးပေါ်သားဆက်ခြား စားဆေးသည် မည်သည့်အခြေအနေတွင် အသုံးပြုရန်ဖြစ်သနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 11:01 AM)
အဖြေ/ဖြေပါ:

ကိုယ်၀န်မရှိသော မည်သည့်အမျိုးသမီးမဆို အောက်ပါအရေးပေါ်အခြေအနေတွင်သာ သုံးစွဲရန်ဖြစ်သည်။
ဥပမာ
    အကာအကွယ်မရှိသော လိင်ဆက်ဆံခြင်း။
    သုံးစွဲနေကျ သားဆက်ခြားနည်းလမ်းများ သုံးစွဲမှု လွဲမှားခြင်း။
    တားဆေးသောက်ရန် မေ့လျော့ခြင်း
    အခြားကာကွယ်မှုနည်းလမ်းများ လွဲမှားစွာ အသုံးပြုခြင်း။
    ရက်ရှောင်နည်းအား မှားယွင်းစွာ မှတ်သားမိခြင်း။. 
    ကွန်ဒုံးပေါက်ပြဲခြင်း။
    သားအိမ်တွင်းထည့်ပစ္စည်း ထွက်သွားခြင်း။
    အမျိုးသမီးတစ်ဦး လိင်မှုဆိုင်ရာ အကြမ်းဖက်ခံရမှုအပြီး သုံးစွဲခြင်း။

ထည့်သွင်းမှု လင့်ခ်: အရေးပေါ်သားဆက်ခြား စားဆေးသည် မည်သည့်အခြေအနေတွင် အသုံးပြုရန်ဖြစ်သနည်း။

မေးခွန်း:

အရေးပေါ်သားဆက်ခြားဆေးသည် ကိုယ်ဝန်ဖျက်ချရန်အတွက် အသုံးပြုခြင်း ဖြစ်ပါသလား။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 11:01 AM)
အဖြေ/ဖြေပါ:

အရေးပေါ်သားဆက်ခြား စားဆေးဆိုသည်မှာ ဟော်မုန်းဆေးတစ်မျိုးဖြစ်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကြောင့် ကိုယ်၀န်ရရှိခြင်းမှ ကာကွယ်ရန် အသုံးပြုနိုင်သည်။ အရေးပေါ်သားဆက်ခြားဆေးသည် ကိုယ်ဝန်ဖျက်ချရန်အတွက် အသုံးပြုခြင်း မဟုတ်ပါ။

ထည့်သွင်းမှု လင့်ခ်: အရေးပေါ်သားဆက်ခြားဆေးသည် ကိုယ်ဝန်ဖျက်ချရန်အတွက် အသုံးပြုခြင်း ဖြစ်ပါသလား။