ECEC LMS App is here!Get the mobile app!
ရာသီသွေးစပေါ်သည့်ရက်မှ (၅) ရက်အတွင်း ဆေးထိုးနိုင်ပါသည်။ ရာသီပေါ်ပြီး (၅) ရက်ကျော်မှ ဆေးထိုးမိပါက ထိုးပြီး (၇) ရက် အတွင်း လိင်ဆက်ဆံမှုကို ရှောင်ပါ (သို့မဟုတ်) ကွန်ဒုံးသုံးပါ။ ကလေးမီးဖွားပြီးသူများ မွေးဖွားပြီး (၄၅) ရက်တွင် ဆေးထိုးနိုင်ပါသည်။ ရာသီသွေးပြန်ပေါ်သည့် အချိန်ကို စောင့်ရန်မလိုပါ။ပထမဆေးတစ်လုံးထိုးပြီး (၁၂) ပတ် အကြာတွင် နောက်တစ်လုံး ထပ်ထိုးပါ။ ဆေးထိုးနောက်ကျလျှင် (၂) ပတ်ထက်မကျော်ပါက ဆက်ထိုးပါ။ (၂) ပတ်ထက်ကျော်လျှင် ကွန်ဒုံးသုံးပါ။ ဆေးကိုလည်း ဆက်၍ထိုးပါ။
» မျိုးဆက်ပွားသားဆက်ခြားကျန်းမာရေး ဆိုသည်မှာ