ကိုယ်ဝန်ဆောင်မိခင်များလိုက်နာဆောင်ရွက်ရန်
သင်တန်းသားမှတ်စု-၂
ကိုယ်ဝန်ဆောင်မိခင်များလိုက်နာဆောင်ရွက်ရန်
က |
---|
Question: (Last edited: Monday, 28 October 2024, 10:55 AM)ကိုယ်ဝန်ဆောင်မိခင်များ မည်သည့်အချိန်တွင် Folic acid စတင် သောက်သုံးသင့်သနည်း။ | |||
---|---|---|---|
Answer: ကိုယ်ဝန် ပထမ (၁၂) ပတ်အတွင်း ပုံမှန်သောက်သုံးရန် လိုအပ်ပါသည်။ | |||
Question: (Last edited: Monday, 28 October 2024, 10:55 AM)ကိုယ်ဝန်ဆောင်မိခင်များ အဘယ်ကြောင့် Folic acid သောက်သုံးသင့်သနည်း။ | |||
---|---|---|---|
Answer: သန္ဓေသားတွင် မွေးရာပါဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်းများ (Neural tube defects) မှ ကာကွယ်ရန်ဖြစ်ပါသည်။ | |||
Question: (Last edited: Monday, 28 October 2024, 11:26 AM)ကိုယ်ဝန်ဆောင်မိခင်များသည် အဘယ်ကြောင့် သံဓာတ်ပိုလိုအပ်သနည်း။ | |||
---|---|---|---|
Answer: ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက်လိုအပ်သည့် သွေးကလပ်စည်းများ ဖွဲ့စည်းရန်အတွက် သံဓာတ်အဓိက လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များသည် မိမိကိုယ်တိုင်သာမက သန္ဓေသားအတွက်ပါ (၂) ယောက်စာပိုမို လိုအပ်ပါသည်။ သံဓာတ်လုံလောက်စွာမရရှိလျှင် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်လာနိုင်ပြီး ကလေးပုံမှန်မထွားကြိုင်းခြင်း၊ အချိန်စောမွေးခြင်း တို့ ဖြစ်လာနိုင်ပါသည်။ | |||
Question: (Last edited: Monday, 28 October 2024, 10:54 AM)ကိုယ်ဝန်ဆောင်မိခင်များသည် မည်ကဲ့သို့အဝတ်အစားများကို ဝတ်သင့်သနည်း။ | |||
---|---|---|---|
Answer: သန့်ရှင်းပေါ့ပါး ချောင်ချိ၍ ရာသီဥတုနှင့်ကိုက်ညီသော အဝတ်အစားများကိုဝတ်ဆင်ပါ။ | |||
Question: (Last edited: Monday, 28 October 2024, 10:54 AM)ကိုယ်ဝန်ဆောင်မိခင်များသည် မေးခိုင်ကာကွယ်ဆေး ဘယ်နှစ်ကြိမ်ထိုးသင့်သနည်း။ | |||
---|---|---|---|
Answer: ကိုယ်ဝန်ဆောင်မိခင်များ မေးခိုင်ကာကွယ်ဆေး (၂) ကြိမ်ထိုးပါ။ | |||
ဗ |
---|
Question: (Last edited: Monday, 28 October 2024, 10:51 AM)ဗီတာမင် ဘီဝမ်း ကြွယ်ဝသော အစားအစာများမှာ အဘယ်နည်း။ | |||
---|---|---|---|
Answer: ဗီတာမင် ဘီဝမ်း ကြွယ်ဝသော အစားအစာများမှာ - | |||
မ |
---|
Question: (Last edited: Monday, 28 October 2024, 10:54 AM)မွေးဖွားရန်အတွက် အခြေခံအကျဆုံး လိုအပ်သောပစ္စည်းများဆိုသည်မှာ အဘယ်နည်း။ | |||
---|---|---|---|
Answer: ကိုယ်ဝန်ဆောင်များသည် မွေးဖွားရန်အတွက် အခြေခံအကျဆုံး လိုအပ်သောပစ္စည်းများကို စုဆောင်းထားရမည်။ ၄င်းတို့မှာ - | |||
Question: (Last edited: Monday, 28 October 2024, 10:52 AM)မွေးဖွားရာတွင် လိုအပ်မည့် သန့်စင်ခြင်း (၆) မျိုးမှာ အဘယ်နည်း။ | |||
---|---|---|---|
Answer: မွေးဖွားရန်လိုအပ်သည့် သန့်စင်ခြင်း (၆) မျိုးသည် နီးစပ်ရာကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများတွင် ပြီးပြည့်စုံပြီးဖြစ်ပါသဖြင့် ကျန်းမာရေးဌာနများတွင် သွားရောက်မွေးဖွားသင့်ပါသည်။ အကယ်၍မသွားရောက်နိုင်ပါက အောက်ပါသန့်စင်ခြင်း (၆) မျိုးလိုအပ်ပါသည်။ ၁။ သန့်စင်၍ ညီညာပြန့်ပြူးသော မွေးဖွားရန်နေရာ (ကိုယ်ဝန်ဆောင်အမျိုးသမီး မွေးဖွားမည့်နေရာ ဥပမာ-ကုတင်၊ ကြမ်းပြင် စသည်များ) ၂။ မွေးဖွားပေးမည့်သူ၏ သန့်စင်သောလက်များနှင့် ပိုးသတ်ပြီး လက်အိတ်များ ၃။ ချက်ကြိုးဖြတ်ရန်အတွက် သန့်စင်သော ဘလိတ်ဓား/ကတ်ကြေး (ပိုးသန့်စင်ပြီး (သို့) ပြုတ်ပြီး) ၄။ သန့်စင်သော ပိုးမွှားကင်းစင်ပြီး ချက်ကြိုးချည်သည့်ကြိုး (ပိုးသန့်စင်ပြီး (သို့) ပြုတ်ပြီး) ချက်ညှပ် ကလစ် ၅။ ကလေးငယ်အား ထုပ်ပိုးရန် သန့်စင်သောအနှီးပိတ်နှင့် ဝတ်ရန်အဝတ်များ၊ ဦးထုပ်၊ခြေအိတ် ၆။ မိခင်အတွက် သန့်စင်သောအဝတ်အစားများ | |||
သ |
---|
Question: (Last edited: Monday, 28 October 2024, 10:55 AM)သန္ဓေသားတွင် မွေးရာပါဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်းများ (Neural tube defects) မှာ အဘယ်နည်း။ | |||
---|---|---|---|
Answer: * Spina bifida – မွေးရာပါ အာရုံကျောရိုးမကြီး ချို့ယွင်းခြင်း | |||
Question: (Last edited: Monday, 28 October 2024, 10:53 AM)သံဓာတ်ကြွယ်ဝသည့် အစားအသောက်များကို ဖော်ပြပါ။ | |||
---|---|---|---|
Answer: သံဓာတ်ကြွယ်ဝသည့် အစားအသောက်များမှာ အမဲသား၊ ကြက်သား၊ ကြက်ဆင်သား၊ ဝက်သား၊ ကမာ၊ ဂုံး၊ ကွေကာအုတ်၊ စပျစ်သီးခြောက်၊ ပဲအမျိုးမျိုး၊ ပဲနို့ စသည်တို့ ဖြစ်သည်။ | |||