ECEC LMS App is here!Get the mobile app!
မွေးဖွားရန်လိုအပ်သည့် သန့်စင်ခြင်း (၆) မျိုးသည် နီးစပ်ရာကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများတွင် ပြီးပြည့်စုံပြီးဖြစ်ပါသဖြင့် ကျန်းမာရေးဌာနများတွင် သွားရောက်မွေးဖွားသင့်ပါသည်။ အကယ်၍မသွားရောက်နိုင်ပါက အောက်ပါသန့်စင်ခြင်း (၆) မျိုးလိုအပ်ပါသည်။
၁။ သန့်စင်၍ ညီညာပြန့်ပြူးသော မွေးဖွားရန်နေရာ (ကိုယ်ဝန်ဆောင်အမျိုးသမီး မွေးဖွားမည့်နေရာ ဥပမာ-ကုတင်၊ ကြမ်းပြင် စသည်များ)
၂။ မွေးဖွားပေးမည့်သူ၏ သန့်စင်သောလက်များနှင့် ပိုးသတ်ပြီး လက်အိတ်များ
၃။ ချက်ကြိုးဖြတ်ရန်အတွက် သန့်စင်သော ဘလိတ်ဓား/ကတ်ကြေး (ပိုးသန့်စင်ပြီး (သို့) ပြုတ်ပြီး)
၄။ သန့်စင်သော ပိုးမွှားကင်းစင်ပြီး ချက်ကြိုးချည်သည့်ကြိုး (ပိုးသန့်စင်ပြီး (သို့) ပြုတ်ပြီး) ချက်ညှပ် ကလစ်
၅။ ကလေးငယ်အား ထုပ်ပိုးရန် သန့်စင်သောအနှီးပိတ်နှင့် ဝတ်ရန်အဝတ်များ၊ ဦးထုပ်၊ခြေအိတ်
၆။ မိခင်အတွက် သန့်စင်သောအဝတ်အစားများ
» ကိုယ်ဝန်ဆောင်မိခင်များလိုက်နာဆောင်ရွက်ရန်