ပင်မစာမျက်နှာထိ ကျော်မည်
ပြီးဆုံးရန် လိုအပ်ချက်များ

သင်တန်းသားမှတ်စု-၂ 
ကိုယ်ဝန်ဆောင်မိခင်များလိုက်နာဆောင်ရွက်ရန်


အားလုံး

က

မေးခွန်း:

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို အနည်းဆုံး အကြိမ်မည်မျှ ခံယူသင့်ပါသနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Saturday, 2 November 2024, 7:31 PM)
အဖြေ/ဖြေပါ:

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းထံတွင် အနည်းဆုံး (၄) ကြိမ်ခံယူပါ။
1.    ပထမအကြိမ် - ကိုယ်ဝန် (၄) လအတွင်း (စောနိုင်သမျှစောစော)
2.    ဒုတိယအကြိမ် - ကိုယ်ဝန် (၆) လအတွင်း 
3.    တတိယအကြိမ် - ကိုယ်ဝန် (၈) လအတွင်း
4.    စတုတ္ထအကြိမ် - ကိုယ်ဝန် (၉) လအတွင်း

ထည့်သွင်းမှု လင့်ခ်: ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို အနည်းဆုံး အကြိမ်မည်မျှ ခံယူသင့်ပါသနည်း။

မေးခွန်း:

ကိုယ်ဝန်ဆောင်မိခင်များ မည်သည့်အချိန်တွင် Folic acid စတင် သောက်သုံးသင့်သနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:55 AM)
အဖြေ/ဖြေပါ:

ကိုယ်ဝန် ပထမ (၁၂) ပတ်အတွင်း ပုံမှန်သောက်သုံးရန် လိုအပ်ပါသည်။

ထည့်သွင်းမှု လင့်ခ်: ကိုယ်ဝန်ဆောင်မိခင်များ မည်သည့်အချိန်တွင် Folic acid စတင် သောက်သုံးသင့်သနည်း။

မေးခွန်း:

ကိုယ်ဝန်ဆောင်မိခင်များ အဘယ်ကြောင့် Folic acid သောက်သုံးသင့်သနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:55 AM)
အဖြေ/ဖြေပါ:

သန္ဓေသားတွင် မွေးရာပါဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်းများ (Neural tube defects) မှ ကာကွယ်ရန်ဖြစ်ပါသည်။

ထည့်သွင်းမှု လင့်ခ်: ကိုယ်ဝန်ဆောင်မိခင်များ အဘယ်ကြောင့် Folic acid သောက်သုံးသင့်သနည်း။

မေးခွန်း:

ကိုယ်ဝန်ဆောင်မိခင်များသည် အဘယ်ကြောင့် သံဓာတ်ပိုလိုအပ်သနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 11:26 AM)
အဖြေ/ဖြေပါ:

ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက်လိုအပ်သည့် သွေးကလပ်စည်းများ ဖွဲ့စည်းရန်အတွက် သံဓာတ်အဓိက လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များသည် မိမိကိုယ်တိုင်သာမက သန္ဓေသားအတွက်ပါ (၂) ယောက်စာပိုမို လိုအပ်ပါသည်။ သံဓာတ်လုံလောက်စွာမရရှိလျှင် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်လာနိုင်ပြီကလေးပုံမှန်မထွားကြိုင်းခြင်း၊ အချိန်စောမွေးခြင်း တို့ ဖြစ်လာနိုင်ပါသည်။

ထည့်သွင်းမှု လင့်ခ်: ကိုယ်ဝန်ဆောင်မိခင်များသည်  အဘယ်ကြောင့် သံဓာတ်ပိုလိုအပ်သနည်း။

မေးခွန်း:

ကိုယ်ဝန်ဆောင်မိခင်များသည် မည်ကဲ့သို့အဝတ်အစားများကို ဝတ်သင့်သနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:54 AM)
အဖြေ/ဖြေပါ:

သန့်ရှင်းပေါ့ပါး ချောင်ချိ၍ ရာသီဥတုနှင့်ကိုက်ညီသော အဝတ်အစားများကိုဝတ်ဆင်ပါ။

ထည့်သွင်းမှု လင့်ခ်: ကိုယ်ဝန်ဆောင်မိခင်များသည် မည်ကဲ့သို့အဝတ်အစားများကို ဝတ်သင့်သနည်း။

မေးခွန်း:

ကိုယ်ဝန်ဆောင်မိခင်များသည် မေးခိုင်ကာကွယ်ဆေး ဘယ်နှစ်ကြိမ်ထိုးသင့်သနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:54 AM)
အဖြေ/ဖြေပါ:

ကိုယ်ဝန်ဆောင်မိခင်များ မေးခိုင်ကာကွယ်ဆေး (၂) ကြိမ်ထိုးပါ။

ထည့်သွင်းမှု လင့်ခ်: ကိုယ်ဝန်ဆောင်မိခင်များသည် မေးခိုင်ကာကွယ်ဆေး ဘယ်နှစ်ကြိမ်ထိုးသင့်သနည်း။

မေးခွန်း:

ဗီတာမင် ဘီဝမ်း ကြွယ်ဝသော အစားအစာများမှာ အဘယ်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:51 AM)
အဖြေ/ဖြေပါ:

ဗီတာမင် ဘီဝမ်း ကြွယ်ဝသော အစားအစာများမှာ -
-
ပဲအမျိုးမျိုး
-
မောင်းထောင်းဆန်၊ လုံးတီးဆန် (ဆန်လုံးညို)၊ လျော့ကြိတ်ဆန်
-
နေကြာစေ့၊ နှမ်းစေ့ စသည့် အစေ့အစံများ
-
ကညွတ်၊ ဂေါ်ဘီထုပ် စသည့် ဟင်းသီးဟင်းရွက်များ
-
ဝက်သား (အသား) တို့ဖြစ်သည်။

ထည့်သွင်းမှု လင့်ခ်: ဗီတာမင် ဘီဝမ်း ကြွယ်ဝသော အစားအစာများမှာ အဘယ်နည်း။

မေးခွန်း:

မွေးဖွားရန်အတွက် အခြေခံအကျဆုံး လိုအပ်သောပစ္စည်းများဆိုသည်မှာ အဘယ်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:54 AM)
အဖြေ/ဖြေပါ:

ကိုယ်ဝန်ဆောင်များသည် မွေးဖွားရန်အတွက် အခြေခံအကျဆုံး လိုအပ်သောပစ္စည်းများကို စုဆောင်းထားရမည်။ ၄င်းတို့မှာ -
o    သန့်ရှင်းပြီးအနွေးဓာတ်ရှိသော အခန်းတစ်ခန်း (သို့) အခန်း၏ထောင့်တစ်နေရာ
o    ပိုးသန့်စင်ထားသည့် တစ်ခါသုံးမွေးဖွားအိတ်ငယ်တစ်ခု
o    မိခင်နှင့်ကလးအတွက် သန့်ရှင်းသော အဝတ်အစားများ
o    သန့်ရှင်းသော အနှီးပိတ်များ၊ အိပ်ရာခင်း၊ အဝတ်စများ

ထည့်သွင်းမှု လင့်ခ်: မွေးဖွားရန်အတွက် အခြေခံအကျဆုံး လိုအပ်သောပစ္စည်းများဆိုသည်မှာ အဘယ်နည်း။

မေးခွန်း:

မွေးဖွားရာတွင် လိုအပ်မည့် သန့်စင်ခြင်း (၆) မျိုးမှာ အဘယ်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:52 AM)
အဖြေ/ဖြေပါ:

မွေးဖွားရန်လိုအပ်သည့် သန့်စင်ခြင်း (၆) မျိုးသည် နီးစပ်ရာကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများတွင် ပြီးပြည့်စုံပြီးဖြစ်ပါသဖြင့် ကျန်းမာရေးဌာနများတွင် သွားရောက်မွေးဖွားသင့်ပါသည်။ အကယ်၍မသွားရောက်နိုင်ပါက အောက်ပါသန့်စင်ခြင်း (၆) မျိုးလိုအပ်ပါသည်။

၁။   သန့်စင်၍ ညီညာပြန့်ပြူးသော မွေးဖွားရန်နေရာ (ကိုယ်ဝန်ဆောင်အမျိုးသမီး မွေးဖွားမည့်နေရာ ဥပမာ-ကုတင်၊ ကြမ်းပြင် စသည်များ)

၂။   မွေးဖွားပေးမည့်သူ၏ သန့်စင်သောလက်များနှင့် ပိုးသတ်ပြီး လက်အိတ်များ

၃။   ချက်ကြိုးဖြတ်ရန်အတွက် သန့်စင်သော ဘလိတ်ဓား/ကတ်ကြေး (ပိုးသန့်စင်ပြီး (သို့) ပြုတ်ပြီး)

၄။   သန့်စင်သော ပိုးမွှားကင်းစင်ပြီး ချက်ကြိုးချည်သည့်ကြိုး (ပိုးသန့်စင်ပြီး (သို့) ပြုတ်ပြီး) ချက်ညှပ် ကလစ်

၅။   ကလေးငယ်အား ထုပ်ပိုးရန် သန့်စင်သောအနှီးပိတ်နှင့် ဝတ်ရန်အဝတ်များ၊ ဦးထုပ်၊ခြေအိတ်

၆။   မိခင်အတွက် သန့်စင်သောအဝတ်အစားများ

ထည့်သွင်းမှု လင့်ခ်: မွေးဖွားရာတွင် လိုအပ်မည့် သန့်စင်ခြင်း (၆) မျိုးမှာ အဘယ်နည်း။

မေးခွန်း:

သန္ဓေသားတွင် မွေးရာပါဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်းများ (Neural tube defects) မှာ အဘယ်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:55 AM)
အဖြေ/ဖြေပါ:

* Spina bifida – မွေးရာပါ အာရုံကျောရိုးမကြီး ချို့ယွင်းခြင်း
* Anencephaly – မွေးရာပါ ဦးခေါင်းခွံနှင့် ဦးနှောက်အစိတ်အပိုင်းများ မပါလာခြင်း
* Encephalocele – ဦးနှောက်အစိတ်အပိုင်းတွေက ချို့ယွင်းချက်ရှိသည့် ဦးခေါင်းခွံမှတစ်ဆင့် အပြင်ဘက်သို့ထွက်နေခြင်း တို့ဖြစ်သည်။

ထည့်သွင်းမှု လင့်ခ်: သန္ဓေသားတွင် မွေးရာပါဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်းများ (Neural tube defects) မှာ အဘယ်နည်း။

မေးခွန်း:

သံဓာတ်ကြွယ်ဝသည့် အစားအသောက်များကို ဖော်ပြပါ။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:53 AM)
အဖြေ/ဖြေပါ:

သံဓာတ်ကြွယ်ဝသည့် အစားအသောက်များမှာ အမဲသား၊ ကြက်သား၊ ကြက်ဆင်သား၊ ဝက်သား၊ ကမာ၊ ဂုံး၊ ကွေကာအုတ်၊ စပျစ်သီးခြောက်၊ ပဲအမျိုးမျိုး၊ ပဲနို့ စသည်တို့ ဖြစ်သည်။

ထည့်သွင်းမှု လင့်ခ်: သံဓာတ်ကြွယ်ဝသည့် အစားအသောက်များကို ဖော်ပြပါ။