ပင်မစာမျက်နှာထိ ကျော်မည်
ပြီးဆုံးရန် လိုအပ်ချက်များ

အားလုံး

က

မေးခွန်း:

ကလေးဆိုတာဘယ်အသက်အရွယ်လဲ၊

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Wednesday, 6 November 2024, 2:18 PM)
အဖြေ/ဖြေပါ:

UNCRC နှင့် ၂၀၁၉ တွင်ပြဌာန်းခဲ့သော မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ အသက် (၁၈)နှစ်အောက်လူသားတိုင်းကို ကလေးလို့ခေါ်ပါတယ်။

ထည့်သွင်းမှု လင့်ခ်: ကလေးဆိုတာဘယ်အသက်အရွယ်လဲ၊

မေးခွန်း:

ကိုယ်မွေးထားတဲ့ ကိုယ့်ကလေးကိုယ်ရိုက်တာ အပြစ်ရှိလား။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Wednesday, 6 November 2024, 2:16 PM)
အဖြေ/ဖြေပါ:

ရိုက်နှက်အပြစ်ဒါဏ်ပေးခြင်းဟာ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်မှုရှိစေနိုင်တဲ့အပြင် ကလေးရဲ့ရေရှည်ဖွံ့ဖြိုးရေးကို ထိခိုက်စေနိုင်တဲ့အတွက် ရိုက်နှက်အပြစ်ဒါဏ်ပေးခြင်းကို အားမပေးပါ။ ၂၀၁၉ ခုနှစ်တွင်ပြဌာန်းထားခဲ့သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတွင်လည်း ရိုက်နှက်အပြစ်ဒါဏ်ပေးခြင်းကို တားမြစ်ထားပါသည်။

ထည့်သွင်းမှု လင့်ခ်: ကိုယ်မွေးထားတဲ့ ကိုယ့်ကလေးကိုယ်ရိုက်တာ အပြစ်ရှိလား။