ပင်မစာမျက်နှာထိ ကျော်မည်
ပြီးဆုံးရန် လိုအပ်ချက်များ

သင်တန်းသားမှတ်စု-၄
မွေးဖွားစဉ်အန္တရာယ်လက္ခဏာများနှင့် မီးတွင်းချိန်တွင် နေ့ညမဆိုင်း ချက်ချင်း ဆေးရုံ/ဆေးခန်း သို့သွားရမည့် အန္တရာယ်လက္ခဏာများ


အားလုံး

မေးခွန်း:

မိခင်သည် မီးတွင်းကာလတွင် ရေချိုးသင့်ပါသလား။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:58 AM)
အဖြေ/ဖြေပါ:

မီးတွင်းကာလအတွင်းတွင် နေ့စဉ် ရေမှန်မှန်ချိုးပြီး မွေးလမ်းကြောင်းတစ်ဝိုက်ကို သန့်ရှင်းအောင် ထားရန် အရေးကြီးပါသည်။

ထည့်သွင်းမှု လင့်ခ်: မိခင်သည် မီးတွင်းကာလတွင် ရေချိုးသင့်ပါသလား။

မေးခွန်း:

မီးတွင်းကာလတွင် နေ့ညမဆိုင်းဘဲ ဆေးရုံသို့ ချက်ချင်းသွားသင့်သည့် အန္တရာယ်လက္ခဏာများမှာ အဘယ်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:58 AM)
အဖြေ/ဖြေပါ:

    သွေးဆင်းများလာလျှင်။
    တက်လျှင်၊အသက်ရှူမြန်လျှင် (သို့မဟုတ်) အသက်ရှူခက်ခဲလျှင်။
    ဖျားလျှင်- အိပ်ရာမှမထနိုင်လောက်အောင်အားနည်းလျှင်။
    ခေါင်းအလွန်ကိုက်ပြီး အမြင်မှုန်ဝါးလျှင်။

ထည့်သွင်းမှု လင့်ခ်: မီးတွင်းကာလတွင် နေ့ညမဆိုင်းဘဲ ဆေးရုံသို့ ချက်ချင်းသွားသင့်သည့် အန္တရာယ်လက္ခဏာများမှာ အဘယ်နည်း။

မေးခွန်း:

မီးတွင်းကာလတွင် လုံးဝရှောင်ကြဉ်သင့်သော အမူအကျင့်များမှာ အဘယ်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:58 AM)
အဖြေ/ဖြေပါ:

    မီးတွင်းကာလအတွင်း အလေးအပင်မခြင်း၊
     ဆင်းရဲပင်ပန်းသည့်အလုပ်များလုပ်ခြင်း။
    အမျိုးသားနှင့်နေခြင်း။
    မီးလှုံခြင်း၊ ချွေးအောင်းခြင်း။
     ဆားပုတ်ခဲစားခြင်း။ အုတ်ပူတိုက်ခြင်း။

ထည့်သွင်းမှု လင့်ခ်: မီးတွင်းကာလတွင် လုံးဝရှောင်ကြဉ်သင့်သော အမူအကျင့်များမှာ အဘယ်နည်း။

မေးခွန်း:

မီးတွင်းကာလမှာ မည်မျှကြာသနည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:57 AM)
အဖြေ/ဖြေပါ:

ကလေးမွေးဖွားပြီး (၄၅) ရက်ကြာသည်အထိကို မီးတွင်းကာလဟု ခေါ်ပါသည်။

ထည့်သွင်းမှု လင့်ခ်: မီးတွင်းကာလမှာ မည်မျှကြာသနည်း။

မေးခွန်း:

အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် ကိုယ်ဝန်ဆောင်ဆိုသည်မှာ အဘယ်နည်း။

(နောက်ဆုံး ပြင်ဆင်ထား သော/ ခြင်း: Monday, 28 October 2024, 10:57 AM)
အဖြေ/ဖြေပါ:

•    အရပ်ပုလွန်း (၄ပေ ၁၀လက်မ အောက်) 
•    အသက်ငယ်လွန်း (၁၆ နှစ်အောက်)
•    အသက်ကြီးလွန်း (၃၅ နှစ် အထက်)
•    ကလေးများလွန်း (၆ ယောက်နှင့် အထက် မွေးဖူး) သည့် ကိုယ်ဝန်ဆောင်၊
•    သားဦးကိုယ်ဝန် 
•    အမွှာကိုယ်ဝန်နှင့် အနေအထားမမှန်သည့် ကိုယ်ဝန်
•    ရောဂါအခံရှိသည့်ကိုယ်ဝန်ဆောင်၊ အရင်ကလေးတွေမွေးဖွားရာတွင် အန္တရာယ်ရှိခဲ့၊ ခက်ခဲဖူးသည့် ကိုယ်ဝန်ဆောင်များ။
အထက်ပါကိုယ်ဝန်ဆောင်များသည် ဆေးရုံဆေးခန်းများ၌သာ မီးဖွားသင့်ပါသည်။

ထည့်သွင်းမှု လင့်ခ်: အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် ကိုယ်ဝန်ဆောင်ဆိုသည်မှာ အဘယ်နည်း။